Wednesday, August 7, 2013

ဖောက်သည်များ၏ မျှော်လင့်ချက်ကို စီမံခန့်ခွဲခြင်း


ဖောက်သည် ဝန်ဆောင်မှုမှာ ထူးချွန်တဲ့ အဆင့် ရောက်ရှိသွားတဲ့ အဖွဲ့အစည်း တစ်ခုအနေနှင့် ဖောက်သည် မျှော်လင့်ချက် (customer expectation) မေးခွန်း ကို စတင်ကိုင်တွယ်ရမှာ ဖြစ်တယ်။ ကနဦး အဆင့်များမှာ ဖောက်သည်မျှော်လင့်ချက် ကို ကိုင်တွယ်ရတာလွယ်ကူပါတယ်။ ဖောက်သည်ဝန်ဆောင်မှုမှာ ထူးချွန်မှုရ အောင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခု အတွက် ယင်းက ဖောက်သည်များရဲ့ မျှော်လင့်ချက်များ၊ မျှော်မှန်းချက်များကို လွယ်လွယ်နှင့် ကျော်ဖြတ်နိုင်လိမ့်မည်လို့ ထင်မှတ်ထားတယ်။ သို့ပေမဲ့ ယင်းကုမ္ပဏီ က ဝန်ဆောင်မှုဘက်မှာ အဆင့်မြင့်နေရာ ကို စဉ်ဆက်မပြတ် ရရှိလာတဲ့ အခါမှာတော့ ဖောက်သည်ရဲ့ မျှော်လင့်ချက်ကို စီမံကွပ်ကဲရတာ အများကြီးကို ပိုခက်ခဲလာကြောင်း တွေ့ရတယ်။ ဘာ့ကြောင့်ဆိုတော့ ဖောက်သည်ရဲ့ မျှော်လင့်ချက်တွေက မလွဲမသွေ ကြီးထွားလာပြီး ယင်းမျှော်လင့်ချက်ကြီး ထွားလာတာနှင့်အမျှ ဝန်ဆောင်မှုအဆင့် တွေက နိမ့်ကျလာမယ်လို့မြင်လာရတယ်။ ဖောက်သည်ရဲ့မျှော်လင့်ချက်တွေကို ထိထိရောက်ရောက် စီမံကွပ်ကဲခြင်း မလုပ်နိုင် ရင် ဒီအတိုင်းဝန်ဆောင်မှုအဆင့်များနှင့် ဆက်ပြီးသွားလို့ မရလောက်တဲ့ အခြေ အနေမျိုးဖြစ်လာမယ်။ ဖောက်သည်မျှော်လင့်ချက်ကို ထိထိရောက်ရောက် စီမံကွပ်ကဲနိုင်ဖို့ရာ ဖောက် သည်များရဲ့အပြုအမူပုံစံများ (customer’s behaviour patterns) ကို သိရှိထားခြင်းက ပဓာနကျပါတယ်။ ဖောက်သည်အပြု အမူ ပုံစံများက ဖောက်သည်တစ်ယောက် နှင့်တစ်ယောက်ခြားနားပါလိမ့်မယ်။

သို့ပေမဲ့ မှတ်သားဖို့ထိုက်တဲ့ “စံ”တချို့နှင့် အခြေခိုင်တဲ့ အပြုအမူဆိုင်ရာပုံစံတချို့ ရှိနေပါတယ်။ ဖောက်သည်မျှော်လင့်ချက် ကို အောင်မြင်အောင်လုပ်ဆောင်တဲ့ ဘယ် အဖွဲ့အစည်းမဆို အကျိုးအမြတ်ရရှိမှာပါ။ ဝန်ဆောင်မှုကို အဆင့်မြင့်မြင့်တစ်သ မတ်တည်းပေးခြင်းက ဖောက်သည်ရဲ့ လှုပ်ရှားရိုက်ခတ်မှုကို အနိမ့်ဆုံးအဆင့်မှာ ရှိစေမှာဖြစ်ပြီး လုပ်သားဝန်ထမ်းအဝင် အထွက်လည်း နည်းစေမှာဖြစ်တယ်။ ကုမ္ပဏီများက ဖောက်သည်မျှော်လင့်ချက် က ကြီးထွားလာနေတာကို အသိအမှတ်ပြု ဖို့ ပျက်ကွက်တတ်ကြတယ်။ ဒါ့ကြောင့် ဖောက်သည်များဆီမှ တိုင်တန်းချက်များ တိုးပွားလာပြီး ဝန်ထမ်းတွေက စိတ်ဓာတ် ကျကြရတယ်။ ဖောက်သည်ဝန်ဆောင်မှု ထူးချွန် ခြင်းက မမျှော်လင့်တဲ့အချိန်မှာ ရရှိမှသာ ယင်းကို ဝန်ဆောင်မှုထူးချွန်ခြင်းအနေနှင့် ခံစားရရှိတတ်ပါတယ်။ ဝန်ဆောင်မှု ထူးချွန်ခြင်း (service excellence) ကို မျှော်လင့်ထားပြီးသား ဖြစ်နေရင် ယင်းက “စံ” ဖြစ်လာပြီး ရှေ့တိုးရခက်သွားစေပါ တယ်။

ဝယ်ယူမှုနည်းစဉ်မှာ သင့်ဖောက် သည်ရဲ့ စိတ်သဘောဆိုင်ရာ အပြုအမူကို သိထားခြင်းဖြင့် ဝယ်ယူခြင်းနည်းစဉ်ဖြစ် လာအောင် ဘယ်အရာက စနက်ပျိုးပေး တယ်။ တစ်ဦးချင်းအပေါ် ဘယ်လိုထူးခြား ကွဲပြားတဲ့ ဝန်ဆောင်မှုမျိုးပေးရမယ် ဆိုတာပိုပြီး နက်နက်ရှိုင်းရှိုင်းသိလာ နိုင်စေနိုင်ပါတယ်။ လက်လီအရောင်း အဝယ်မြင်ကွင်းမှာတော့ ဒီကိစ္စက လက် တွေ့မကျနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ ဖောက်သည်အရေအတွက်များပြားခြင်းနှင့် စိတ်ဓာတ်သဘောသဘာဝအမျိုးမျိုးကွဲပြား ခြားနားနေလို့ပါ။ သို့ပေမဲ့ B2B ဝန်းကျင် မျိုးမှာ ဖောက်သည်အရေအတွက်က သိပ် များနိုင်တဲ့အတွက် စိတ်သဘောသဘာဝ ကို သိနားလည်ထားခြင်းက ခြားနားမှုကို ဖြစ်စေပါလိမ့်မယ်။ အဖွဲ့အစည်းတစ်ခုက သူနှင့်ပုံမှန်ဆက်ဆံနေတဲ့ ဖောက်သည်က ဘယ်အမျိုးအစားထဲမှာ ပါနေသလဲဆိုတာ ချင့်တွက်ရာမှာ အကူအညီပေးနိုင်ဖို့ the Revised Values Table (အတိုကောက် VALS-2) စားသုံးသူများကို သတ်သတ် မှတ်မှတ်အတန်းအစား (၈) မျိုးခွဲခြားထား ပေးပါတယ်။ ဒီဇယားက လုံးဝပြီးပြည့်စုံပြီး ချွတ်ချော်မှုကင်းတယ်လို့ မဆိုနိုင်ပေမဲ့ အဖွဲ့အစည်းများအနေနှင့်ယင်းရဲ့ ဖောက် သည်များကပြသတဲ့ “ဉာဉ်” ‘trait’ အပေါ် စူးစိုက်လုပ်ဆောင် နိုင်ခွင့်ရစေပါတယ်။ “အောက်ပါတို့က VALS-2 ဇယားက ခွဲခြားထားပေးတဲ့ စားသုံးသူအမျိုးအစား (၈) မျိုးဖြစ်ပါတယ်။

(1) Acualisers

ယင်းပုဂ္ဂိုလ်တွေက လူဦးရေရဲ့ ၈ ရာခိုင်နှုန်းလောက် ကိုယ်စားပြုတယ်။ ဥစ္စာဓန အကြွယ်ဝဆုံးနှင့် အအောင်မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်တယ်။ Acualisers တွေက များသောအားဖြင့် မိမိကိုယ်ကိုတန်ဖိုး သိပ်ထားကြတဲ့ စားသုံးသူများပဲ ဖြစ်တယ်။ ငွေကြေးစတဲ့ အရင်းအမြစ်များစွာ ကြွယ်ဝ ပြီး လူမှုစီးပွားရေး တိုင်းတာမှုစနစ် (socioeconomic scale) မှာ သေချာပေါက် A1 အဆင့်မှာ ရှိနေသူတွေဖြစ်တယ်။

(2) Fulfillers

သူတို့က ယေဘုယျအားဖြင့် အသက် ၃၀ အထက်ရှိသူများဖြစ်ပြီး အရည် အသွေးနှင့် ပညာဗဟုသုတကို တန်ဖိုးထား သူများဖြစ်ကြတယ်။ လူဦးရေ ၁၁ ရာခိုင် နှုန်းကိုယ်စားပြုတယ်။ သူတို့က သူတို့ရဲ့ ဝယ်ယူမှုတွေမှာ တန်ဖိုး (value) နှင့်အရည် အသွေး (quality) ကိုတောင်းဆိုတတ်တဲ့ ပညာတတ်လောက အမြင်မှာလက်တွေ့ ကျသူများပဲဖြစ်တယ်။

(3) Believers

လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းလောက် က Believers များဖြစ်ကြတယ်လို့သိရ တယ်။ သူတို့က အစဉ်အလာတန်ဖိုးများ အပေါ် အခြေခံတဲ့ ပြင်းထန်တဲ့ ယုံကြည် ချက်များရှိပေမဲ့ စည်းမျဉ်းစည်းကမ်းကြီး သူတွေ၊ ရှေးရိုးစွဲဝါဒီတွေဖြစ်တတ်ကြ တယ်။ Believers တွေက သူတို့ရဲ့ အတော်ကြီးမားတဲ့ ဝယ်ယူနိုင်မှုစွမ်းပကား ကို သိရှိထားကြတဲ့ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ (professionals) ဖြစ်ကြတယ်။ သူတို့က လူမှု စီးပွားရေးတိုင်းတာမှုစနစ်မှာ အဆင့် B1 နှင့် B အတွင်းကျရောက်နိုင်ပါလိမ့်မယ်။

(4) Achievers

သူတို့က Believers တွေထက် လူဦး ရေ အနည်းငယ် လောက်နည်းပါတယ်။ ၁၃ ရာခိုင်နှုန်းလောက်ရှိတာဖြစ်တယ်။ သူတို့က ဝင်ငွေကောင်းသူများ၊ အောင်မြင် တဲ့ သက်မွေးမှုလုပ်ငန်းရှိသူများဖြစ်ကြ တယ်။ သူတို့ရဲ့ ပင်ကိုပုံရိပ်တွေက သူတို့ အတွက် အရေးကြီးတယ်။ သူတို့ရဲ့အောင် မြင်မှုအပေါ် ရောင်ပြန်ဟပ်မယ့်ထုတ်ကုန် ပစ္စည်းများကို ပိုမိုနှစ်သက်ကြတယ်။

(5) Strivers

သူတို့ကများသောအားဖြင့် အခြား သူများရဲ့ သဘောထား (opnion) နှင့် ထောက်ခံချက် (approval) အပေါ် အလေးထားသူများပဲဖြစ်တယ်။ လူဦးရေ ရဲ့ ၁၃ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြု တယ်။ သူတို့က စိတ်လိုက်မာန်ပါဝယ် တတ်သူ၊ စတိုင်ကျကျနေထိုင်လိုတဲ့ ဆန္ဒ ရှိတတ်သူများဖြစ်ပြီး သူတို့ကိုယ်တိုင်မှာ မရှိတဲ့ အခြားသူတွေရဲ့ပိုင်ဆိုင်မှုများနှင့် အမြင်ကို ကူးယူတတ်ကြတယ်။

(6) Experiencers

သူတို့က လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်း ရှိတယ်။ သူတို့က အတွေ့အကြုံများပြီး တစ်မူထူးခြားတဲ့ အတွေ့အကြုံမျိုးရှိသူတွေ ဖြစ်တယ်။ သူတို့ကများသောအားဖြင့် ငယ်ရွယ်၊ စိတ်အားထက်သန်ပြီး စိတ်လိုက် မာန်ပါ လုပ်တတ်သူများပဲဖြစ်တယ်။ သူတို့ က ဘဝအတွေ့အကြုံမျိုးစုံနှင့်စိတ်လှုပ်ရှား မှုကို ရှာသူများဖြစ်တယ်။ စားသုံးသူများ အနေနှင့်သူတို့က Achievers နှင့် နောက် ဆုံးမှာ Believers များအဆင့်ထိတက် လှမ်းနိုင်ခြေရှိတယ်။

(7) Makers

သူတို့က လုပ်ဆောင်ချက်ကို ရှေးရှု လုပ်ကိုင်သူများဖြစ်ပြီး ဝင်ငွေအဆင့်နိမ့် သူများဖြစ်တယ်။ လူဦးရေရဲ့ ၁၃ ရာခိုင် နှုန်းလောက်ရှိတယ်။ သူတို့က မိသားစ ၀န်းကျင်အတွင်း နေထိုင်ကြပြီး ရုပ်ဝတ္ထု ပစ္စည်းပိုင်ဆိုင်မှုတန်ဖိုးကို သိပ်နားလည် သူများ မဟုတ်ပါ။ သူတို့ ဝယ်ယူတာက လိုအပ်မှုကြောင့်ဝယ်တာဖြစ်ပြီး ဆန္ဒ ကြောင့် မဟုတ်ပါ။

(8) Strugglers

ဒီလိုမျိုးစားသုံးသူတွေက သူတို့ အကြိုက် အမှတ်တံဆိပ်အပေါ် သစ္စာ စောင့်သိမှုရှိပြီး သတိကြီးတတ်သူတွေဖြစ် တယ်။ ဆိုင်တစ်ဆိုင်မှာပဲ အစဉ်အဆက် ဝယ်ယူတတ်ကြတယ်။ သူတို့ရဲ့ဝယ်ယူမှုမှာ စွန့်စားမှုမရှိတတ်သလို သက်သောင့်သက် သာ နေရာမှာဝယ်ယူရတာကို ဝမ်းမြောက် ဝမ်းသာရှိကြတယ်။ သူတို့တွေက လူဦးရေ ရဲ့ ၁၄ ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်။ သင့်ဖောက်သည်များမှာရှိတဲ့ ဒီÓဉ် များကို သိရှိထားခြင်းဖြင့် သင့်ဝန်ဆောင်မှု အဆင့်ကို အကျိုးဖြစ်ထွန်းတဲ့ ရလဒ်များ ရရှိအောင်ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်။ သင့်ဖောက်သည်တစ်ဦးက သင့်ထံမှ ဘာ့ကြောင့် ဝယ်ယူသလဲဆိုတဲ့ အချက်ကို ရှာဖွေတွေ့ရှိခြင်းက ထူးချွန်တဲ့ ဖောက် သည် ဝန်ဆောင်မှုပေးရာမှာ ပထမ ခြေလှမ်းပဲဖြစ်တယ်။ သင့်ဖောက်သည်များ က အကျပ်ကိုင်ခံခြင်းမျိုး(under duress) ဒါမှမဟုတ် အလွန်အမင်း စိတ်ပင်ပန်းမှု အောက်မှာ (extreme tension) ဝယ်ယူ ရတာမျိုး (ပမာအားဖြင့်-အသုဘအခမ်း အနားကိစ္စ၊ ရှေ့နေရှေ့ရပ် ငှားရမ်းခြင်း ကိစ္စ) ဆိုရင် သင့်ဖောက်သည်ရဲ့ စိတ်ပင် ပန်းမှုကို ဖြေလျော့နိုင်တဲ့ အစွမ်းသတ္တိက အလွန်အရေးကြီးပါတယ်။

စိတ်ပင်ပန်းမှု ကို မတိုးစေဘဲ သင့်ဖောက်သည်ရဲ့ ထမ်း နေရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မယ် ဆိုရင် သင်ကကြီးကျယ်တဲ့ ဖောက်သည် ဝန်ဆောင်မှုပေးရာရောက်ပါတယ်။ အခြားတစ်ဖက်မှာ သင့်ဖောက် သည်က စိတ်လှုပ်ရှားစရာများနှင့်ရင်ဖို စရာများကိုရှာနေတာ (ပမာအားဖြင့်- ခွင့် ရက်ရှည်ခရီးသွားခြင်းနှင့်အနားယူခြင်းမျိုး) ဖြစ်ပါရင် ဖောက်သည်ဝန်ဆောင်မှုကြီး ပေးနိုင်ဖို့ရာ သင်က ယင်းမျှော်လင့်ချက် ကို ကျေနပ်မှုရအောင်ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်။ ရည်ရွယ်ချက်က ဖောက်သည် အနေနှင့်သင့်ဝန်ထမ်းများနှင့်ဆက်ဆံရတာ ကောင်းတယ်ဆိုတဲ့ အတွေ့အကြုံမျိုးရရှိ သွားစေဖို့ပဲဖြစ်တယ်။ အဖွဲ့အစည်းအနေ နှင့်က ဝန်ထမ်းများရဲ့ စိတ်သဘော နားလည်မှုအဆင့်ကို မြှင့်တင်ပေးရမှာ ဖြစ်တယ်။

ဦးလှမြင့် (မားကက်တင်း)

No comments:

Post a Comment