ဟာ....ဆရာကလဲ
မဖြစ်နိုင်တာ ညောင်ဦးကမ်းပါးပြိုတာနဲ့ ရာဇဂြိုဟ်ကနွားမပေါင်ကျိုးဆိုတာလိုဖြစ်နေပြီ
ဘာမှမဆိုင် ဘူးထင်တယ်ဆရာ ကျနော်ကတော့ ဓမ္မဓိဌာန်ကျကျမှယုံချင်တယ်။
အေး....မင်းယုံမယုံတော့မသိဘူး..ငါတော့ဒီနည်းလေးနဲ့ကုသိုလ်ဖြစ်လိုက်လုပ်ပေးနေတယ်...
ငါလုပ်ပေးနေတဲ့လူတွေ..လူတိုင်းနီိပါးပျောက်ကင်းသက်သာကြတယ်ကွ။အလုပ်လုပ်နေကြရာ
ကျနော်တို့ဆိုဒ်တ ခုတွင် နံက်ပိုင်းထမင်းစားနားရင်း ထမင်းဝိုင်းတွင်ငါးဟင်းပါလာသောကြောင့်
အရိုး
မမျက်စေရန် ကြာကြာဝါးမဲ့သွား-ဘာစားစားအရိုးကြည့်ရှောင်တဲ့ဟေ့ဟု ကျနော်မှ သတိပေးစကားပြောကြားပြီးနောက်ပိုင်း ဆေးနည်းပေး သောဆရာနှင့်ကျနော်အငြင်းပွါးနေကြတာပါ။
ထိုင်းနိုင်ငံမှကျနော်တို့နေထိုင်လုပ်ကိုင်စားသောက်တဲ့မြို့လေးဟာ ရေထွက် ငါး ပုဇွန် ကဏန်း ကင်းမွန် အစရှိသောပင်လယ် အစားအစာအရမ်းပေါပါသည်။ ဒေသခံများနှင့်ကျနော်တို့လိုအခြားနိုင်ငံမှလာရောက်လုပ်ကိုင် ကြသောနိုင်ငံခြားသားများလဲ ထိုအစားအစာ များကို နေ့စဉ်မနက်ညထပ်တလဲလဲစားသောက်ကြရသည်။ ထိုသို့စားသောက်ကြရာတွင် အသွားမတော်တလှမ်း-အစားမတော်တလုပ် ဆိုတာလို အရိုးစူးခြင်း အရိုးမျက်ခြင်းအစရှိသော ဘေးရန်အန္တရာယ်များကြုံတွေ့ရတတ်ပါသည်။
တနေ့နံက်ပိုင်းထမင်းစားနားချိန်ထမင်းပြီးခါနီး တလုတ်နှစ်လုတ်လောက်အလိုမှာ ကျနော့လည်ချောင်းထဲမျက်ကနဲဆိုစူးဝင် သွားသောငါးရိုးကြောင့်ပါးစပ်ထဲမှထမင်းမျိုမကျတော့ပါ ထမင်းမဆိုထားဘိ တံတွေးလေးမျိုချရမှာကိုပင် အရမ်းကြောက်နေမိတော့သည်။ ဆရာရှိနေသော်လဲ ဇွတ်အတင်းငြင်းထားသောကြောင့်မပြောရဲ မျက်နှာပူသည် အားနာသည် ဒါပေမဲ့ဆရာသည်တပည့် တယောက်အခုလိုဖြစ်နေသည်ကို မကြည့်ရက်နိုင်ပါ ကျနော့ဆီလာပြီး မင်းယုံတာမယုံတာတကဏ္ဍထားပြီးဆရာတို့စမ်းသပ်တဲ့အနေနဲ့
လုပ်ကြည့်ရအောင် ကျနော့မှာအလွန်အခံရခက်လှပြီမို့ ဟုတ်ကဲ့ဆရာဟု ဆို၍တောင် စကားမပြောနိုင် ခေါင်းလေးအသာအယာငြိမ့် လိုက်နိုင်ပါသည်။ ကဲ လာဒီမှာထိုင် ....ဆရာသည်ချက်ပြုတ်တဲ့နေရာမှ ဟင်းအိုးအဖုံး(ဒါဏ်အိုးဖုံး)တခုနှင့်ငရုပ်ကျည်ပွေ့ယူလာကာ ဆောင့်ကြောင့်ထိုင်နေသောကျနော့ခေါင်းပေါ် ဒါဏ်အိုးအဖုံးကိုအိုးပေါ်ဖုံးနေကျအတိုင်းမဟုတ်ဘဲ ပက်လက် လက်ပြန်လှန်တင်
လိုက်သည် ၄င်းနောက် ငရုတ်ကျည်ပွေ့ကိုလဲ ကိုင်နေကျအတိုင်းမဟုတ်ဘဲ လက်ပြန်ကိုင်လိုက်ပြီး အသက်အောင့်ကာ...... ဥုံ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။(စတိနည်းဖြင့်တချက်ထောင်း)။ဥုံ-ဓမ္မံ သရဏံ ဂစ္ဆာမိ။(ထောင်း)။ဥုံ-သံဃံ သရဏံ ဂစ္ဆာမိ။(ထောင်း)။ ဥုံ-ဒုတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။(ထောင်း)။ဥုံ-ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။(ထောင်း)။ဥုံ-ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။(ထောင်း)။ ဥုံ-တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။(ထောင်း)။ဥုံ-တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။(ထောင်း)။ဥုံ-တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။(ထောင်း)။ ဟူ၍ စတိနည်းဖြင့်(၉)ချက်ထောင်းချလိုက်သည်။ ပြီသည်နှင့် ဆရာက ဘယ့်နဲ့လဲဟေ့ဟုမေးသောကြောင့် ကျနော်သည် တံတွေး ကိုမရဲတရဲမျိုချကြည့်သည်။ မသက်သာဘူးဆရာ အရိုးရှိနေသေးတယ်...အေးဒီလိုဆိုလဲ နောက်တကြိမ်ထပ်ပြီးစမ်းကြည့်ကြတာပေါ့ ကွာဟုဆိုကာထပ်ထောင်းပေးပါသည်။ ၅မိနစ်ကိုမကြာပါကျနော့လည်ချောင်းတခုလုံး ယားတက်လာပြီး ဝေါကနဲဆိုအန်ချလိုက်ပါသည် ၄င်းနောက် ကိုယ်လက်သန့်စင် ပလုတ်ကျင်းနေဆဲမှာဘဲတံတွေးလေး စမ်းကြည့်တဲ့အနေနဲ့ မျိုချကြည့်လိုက်သည် ပထမအကြမ်အား
မရသေး နောက်တကြိမ်မျိုချကြည့်သည် သေချာတယ် အရိုးမရှိတော့ဘူး ဆရာပျောက်ပြီဆရာ ...ဟေ..ဟုတ်လား..အေးအေး ဆရာကုလာရသမျှအားလုံး ပြန်ပြီးအန်ထုတ်ရင်ထုတ် မထုတ်ရင် မျိုချလိုက်ရင် ဗိုက်ထဲပါသွားတာဘဲဟုပြောကာ ကဲ ကဲ ကဲ နားလိုက်ဦး(၁)နာရီကျရင် အလုပ်ပြန်ဆင်းရမယ်ဟုတ်လား ဟုတ်ကဲ့ဆရာ ကျနော်လဲပင်ပန်းသမျှအိပ်စက်နားနေအပန်းဖြေလိုက် ပါသည်။ နောက် ၂ ရက်ခန့်အကြာ ကျနော်တို့အလုပ်ဆိုဒ်နဲ့ကပ်လျက်ဆိုဒ်တခုမှ မြန်မာမလေးတယောက် ငါးအရိုးမျက်သည်ဆို၍
ဆရာ့ဆီရောက်လာပါသည်။ ဒီအခါမှာတော့ ဆရာက ကဲ မောင်နိုင်မိုးခန့်ရေ လာကွာဆရာခိုင်းတဲ့အတိုင်း မင်းကိုယ်တိုင်လုပ် ကြည့်စမ်းကွာ ဟုဆိုသောကြောင့် ဒါဏ်အိုးဖုံးနဲ့ ငရုတ်ကျည်ပွေ့တို့ကို လက်ပြန်ကိုင်ကာ စတိနည်းဖြင့် ထောင်းချလိုက်သည်။
ဆရာနောက်တခါထပ်ထောင်းရဦးမှာလား ။...နေဦး နေဦး သူ့ကို မေးကြည့်လိုက်ဦးမယ် ...သမီးဘယ်လိုလဲ ..ပျောက်ပြီဆရာ ဟာ ငါ့တပည့်ကတော်တော် တော်တာဘဲ ....မဟုတ်ပါဘူးဆရာ ဆရာကောင်းလို့ တပည့် ပန်းကောင်းပန်ရတာပါ
မိန်းကလေးမှာ ဝမ်းသာလွန်း၍ဆရာ့ကို ကန်တော့ကာ သူ့အလုပ်ရှိရာသို့ပြန်သွားပါတော့သည် ။ အေး ၁ ကြိမ်မကျရင်၂ကြိမ်၃ကြိမ် ပေါ့ကွာဟုပြောပါသည် ကျနော့ရှေ့တွင်ဆရာသည် ၃ကြမ်ပြည့်အောင်ကိုမကြုံဘူးပါ တခြား ကြက်ရိုးတွေ ဘာတွေစူးရင်လဲလုပ်
ကြည့်ကွာဟုလဲပြောပါသည်။ တချို့ဆိုလျှင် ထမင်းခဲမဝါးဘဲနဲ့မျိုချ ..ငှက်ပျောသီးမဝါးဘဲနဲ့မျိုချ သံပရာသီးငုံ စသဖြင့်လုပ်ကြည့် ကြရပါသည် ထိုနည်းစနစ်တွေထဲတွင် အခုနည်းလေးကို ကျနော် ဘယ်တောမှ မေ့ရတော့မည်မထင်ပါ ထိုကြောင့် လေးစား အပ်ပါသော ကျနော့ ချစ်သူငယ်ချင်းမျုားနဲ့ ဖူးစာရှင်ပရိသတ်များ ငါးရိုးစူးခြင်းဘေးမှ လွတ်မြောက်စေရန် စိတ်ရည်သန်၍ စေတနာ ကောင်းနဲ့ ကြေညာမောင်းခတ်လိုက်ရပါတယ်ခင်ဗျား။ ဆေးနည်းပေးသောဆရာအား ဤဆောင်းပါးဖြင့်ကန်တော့ပါသည်။

No comments:
Post a Comment